ပုလော ၁၁ ဧပြီ            

           

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စု ၆၀၀၀ ကျော်အား နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားသောက်ကုန် (၅)မျိုးကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ့လက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် လျက်ရှိသည်။

           

ပုလောမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၉၉၂၉) ရှိပြီး ပစ္စည်းရရှိမှုမှာ ဆန် (၆၆၀၀)အိတ်၊ ကြက်သွန်(၅၀၀၀)ပိသာ၊ ဆီ (၄၉၇)ပုံး၊ ဆား (၁၆၃)အိတ်အား အိမ်ထောင်စု  (၆၄၇၃)ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိပြီး ဖြန့်ဝေရန် ကျန်ရှိသည့် ကျေးရွာများအား ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ထူးဝေယံ(ပုလောပြန်/ဆက်)