နမ့်ခမ်း  ၁၁ ဧပြီ   

 

နမ့်ခမ်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံ စားသောက်ကုန်(၅)မျိုး ထောက်ပံ့ခြင်းကိုဧပြီလ(၁၀)ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိသည်။

 

အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီများကို အမှတ်(၁၂)၊အမှတ်(၁၃) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၀)အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကိုလည်းဆက်လက်ပေးအပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဉာဏ်မင်း(နမ့်ခမ်း)