စဉ့်ကူး ၁၁ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆန်နှင့် ကြက်သွန်များ အချိန်မီထောက်ပံ့ပေးနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီက အမှတ် (၁)ရပ်ကွက် သီရီရတာနာခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ထောက်ပံပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးကြသည်။

 

ယနေ့ ထုတ်ယူရရှိသော ဆန်နှင့် ကြက်သွန်ကို ကနဦးဖြန့်ဝေပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံရရှိမည့် ဆား၊ ပဲနှင့် ဆီတို့ရောက်ရှိပါကလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)