စစ်ကိုင်း  ၁၁  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီမှုပေးသည့် စားဖိုဆောင်သုံး ပစ္စည်း(၅)မျိုးအား ဧပြီ(၁၁)ရက်နံနက်(၁၀)နာရီက စစ်ကိုင်းမြို့ မြို့သစ်ရပ်ကွက်ရှိ ပြည်သူများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်ကိုသိရသည်။    

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများအား စစ်ကိုင်း ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်ဝင်းလှိုင်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုများကို ထောက်ပံ့ပေးရန်အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော စာဖိုဆောင်သုံးပစ္စည်း(၅)မျိုးဖြစ်သည့်  ဆန်ရှစ်ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ဆား ငါးဆယ် ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီတစ်ပိဿာတို့ကိုဧပြီ(၁၀)ရက်မှစ၍ စစ်ကိုင်းမြို့ မြို့တော် ခန်းမ၌ မြို့ပေါ်ရပ်ကွက်များအား စိစစ်ထုတ်ပေးခဲ့မှုနှင့် စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု နှင့်ကျေးရွာများသို့ ဆက်လက်စိစစ်ထုတ်ပေးနေမှုကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

မျိုးဝင်း(ခရိုင်ပြန်/ဆက်)