အောင်လံ ၁၁ ဧပြီ
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ တို့ကို ဧပြီလ(၁၁)ရက်နေ့ နံနက်(၈)နာရီက စိုက်ပျိုးရေးဂိုဒေါင်တွင် ဖြန့်ဝေပေးခဲ့သည်။
အောင်လံမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၂၇၃၅၀)ရှိပြီး ကျား(၄၇၃၁၆)ဦးနှင့်၊ မ(၅၃၁၀၂)ဦး၊ စုစုပေါင်း(၁၀၀၄၁၈)ဦးတို့အား ဆန်(၉၁၁၆)အိတ်၊ ဆီ(၁၃၆၇၅)ပိဿာ၊ ဆား(၁၃၆၇၅)ပိဿာ၊ ပဲ(၂၇၃၅၀)ပိဿာ၊ ကြက်သွန်နီ(၂၇၃၅၀)ပိဿာတို့ကို အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


