ရှားတော ၁၁   ဧပြီ       

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင် စုများအတွက် နိုင်ငံတော်မှထောက်ပံ့ကူညီပေးအပ်သော အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲများ ဖြူးဝေခြင်းကို ယနေ့နံနက်က စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် ကကြီးကြပ်၍ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင် နှင့် မီးသတ်ဝန် ထမ်းများ၊ အခြားတာဝန်ရှိသူများက အခြေခံစားသောက်ကုန်များကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား အိမ်ထောင်စုအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကုလားပဲ (၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ နှင့် ဆား(၅၀)ကျပ်သား နှုန်းဖြင့် ခွဲဝေပေးအပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့သည်။

 

အဆိုပါခွဲဝေပေးအပ်မှုတွင် ရှားတောမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၄၄)စု၊ လူဦးရေ(၁၀၄၇)ဦး အတွက် ပေးအပ်ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သက်ဆိုင်ရာ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

 

ထွန်းအောင်(ပြန်/ဆက်)