တနိုင်း ၁၁ ဧပြီ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ကူညီပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုးစီကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖြန့်ဖြူးဝေငှပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဝေငှရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ အခြေခံစားသောက်ကုန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဝယ်ယူစုပုံထုပ်ပိုးပြီး ရပ်ကွက်(၁၀)ရပ်ကွက်၊ကျေးရွာအုပ်စု (၈)အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာစသည့် အခြေခံစားသောက်ကုန်(၅)မျိုးစီကို တနိုင်းမြို့ပေါ်စုရပ်( ၂)နေရာနှင့် ရှင်ဗွေယန်မြို့ပေါ်စုရပ်(၁)နေရာသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားစာရင်း ကောက်ယူထားသည့် အိမ်ထောင်စု (၆၈၂၆)စုအား စာရင်းအလိုက် စားသောက်ကုန်များကို ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


