ခမောက်ကြီး ၁၁ ဧပြီ

 

ကော့သောင်းခရိုင် ခမောက်ကြီးဒေသရှိ ထိုင်း-မြန်မာနယ်စပ် ကျေးရွာများတွင် နိုင်ငံတော်မှထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ယနေ့နံနက်တွင် တစ်အိမ်တက်ဆင်း လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်ဦးစီး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လိုက်ပါလျက် အောင်ချမ်းသာကျေးရွာတွင် အိမ်ထောင်စု (၁၄၈)စု၊ ဆိပ်ဖူးကျေးရွာတွင် အိမ်ထောင်စု (၁၁၈)စု၊ မာရမ်းကျေးရွာတွင် အိမ်ထောင်စု (၁၂၅)စု၊ ဖော့သုတ်ကျေးရွာတွင် အိမ်ထောင်စု (၁၁၄)စု၊ လုံးဖောကျေးရွာတွင် အိမ်ထောင်စု (၃၅၅)စု၊ အေးချမ်းသာကျေးရွာတွင် အိမ်ထောင်စု (၁၄၄)စု စုစုပေါင်းအိမ်ထောင်စု (၁၀၀၄)စုတို့အတွက် လိုက်လံဖြန့်ဝေကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး (ခမောက်ကြီး ပြန်/ဆက်)