ခမောက်ကြီး ၁၁ ဧပြီ
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ချောင်းဝကျေးရွာတို့၌ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု (၅)မျိုးစီကို ယနေ့နံနက်မှစ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စနစ်တကျကြီးကြပ်၍ အိမ်ထောင်စု (၂၁၆)စုအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များအား တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖြန့်ဝေပေးသည်။
အလားတူ အဆိုပါရပ်ကွက်တွင် နေထိုင်သော ဦးနောင်အေး၊ ဒေါ်တင်တင်ခိုင် မိသားစုမှလည်း အိမ်ထောင်စု (၂၁၀)အတွက် အာလူးတစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ၊ ဆားတစ်ပိဿာ၊ သကြားတစ်ကီလို၊ ကြက်သွန်ဖြူ ၂၅ ကျပ်သား၊ ငရုတ်ခြောက် ၂၅ ကျပ်သား၊ အချိုမှုန့်(အလတ်) တစ်ထုပ် စုစုပေါင်း စားသောက်ကုန် (၇)နှစ်မျိုးတို့ကိုလည်း ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
နန့်လေးလေး (ပြန်/ဆက်)


