မြန်အောင် ၁၁ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက် ထောက်ပံ့ပေးသည့် စားသောက်ကုန်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ တာ၀န်ရှိသူများနှင့်အတူ ဧပြီ ၁၁ ရက် နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် စတင်ဖြန့်‌ဝေပေးလျက်ရှိကြောင်း သိရသည်။

 

၁၂၄၅၆၃၄၆၇

 

မြန်အောင်မြို့နယ်အတွင်း အ‌ခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိသဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၇၃)အုပ်စုရှိ အိမ်ထောင်စု (၂၃၄၉၆)စုကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းဇော်ထွန်း(မြန်မာစာ)