မြို့လှ ၁၁ ဧပြီ

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မြို့လှမြို့အတွင်းရှိ ပုံမှန်ဝင်ငွမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ဆန်အပါအဝင် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့  မွန်းလွဲ ၂ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ပြီး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာ၌ ပုံမှန်ဝင်ငွမရှိသည့် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာ စသည့်  အခြေခံစားသောက်ကုန် (၅)မျိုးကို မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၁၁)စုကို မြို့ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြီးကြပ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျော်မင်းနိုင် (ပြန်/ဆက်)

 

ap12