မြန်အောင် ၁၁ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် စားသောက်ကုန်များအား ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့တွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၄)အုပ်စုရှိ အိမ်ထောင်စု (၂၆၃၆)စုကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံများကို ဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်အုပ်‌ချုပ်‌‌ရေးမှူး ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအရောက် သွားရောက်‌ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်ကုန်များကို ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်း လိုက်လံ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၇၃) အုပ်စုမှ ပုံမှန်ဝင်‌ငွေမရှိ‌သော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၄၉၆)စုကို စနစ်တကျ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဗိုလ် (မြန်အောင်)