ချောင်းဆုံ ၁၁ ဧပြီ
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန် စသည့် စားသောက်ကုန် (၅)မျိုး ဖြန့်ဝေခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့ရှိ ကျွန်းသာယာခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ယခုကာလအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်၍ အခြေခံလူတန်းစားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စားသောက်ကုန် ပစ္စည်း(၅)မျိုးကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် မော်လမြိုင် ခရိုင်အုပ်ချုပ်ရေးမှူးတို့က အခြေခံလူတန်းစားများ ကိုယ်စား တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံ ပေးအပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၃)အုပ်စုတို့မှ အခြေခံလူတန်းစား (၂၉၆၁)ဦးတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာတို့ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အိမ်အရောက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)


