ဝါးခယ်မ ၁၁ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်က ထောက်ပံ့ကူညီပေးသည့် စားသောက်ကုန် (၅)မျိုးကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

အိမ်ထောင်စု တစ်စုလျှင် စားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်နှင့် ကြက်သွန်(၁)ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သားနှင့် ပဲ(၁)ပိဿာတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာများက ကြီးကြပ်ပြီး တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ဝါးခယ်မမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၄၅ အုပ်စုရှိပြီး နိုင်ငံတော်က ထောက်ပံ့ကူညီပေးမည့် အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း ၂၇၂၃၃ ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)