၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်ပမှလာရောက်သူများမှတစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးအတွက်လည်းကောင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ တိုးချဲ့ပြင်ဆင်ရေးအတွက် အချိန်လိုအပ်နေခြင်းကြောင့်လည်းကောင်း ပုံမှန်ပျံသန်းနေသော နိုင်ငံတကာ ခရီးသည်တင်လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ပြီးထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ၁၅-၄-၂၀၂၀ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် ပန်ကြားထားခဲ့ပါသည်။

 

၂။       မြန်မာနိုင်ငံတွင် ၁၁-၄-၂၀၂၀ ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ (၃၁)ဦးရှိလာပြီး ရောဂါပိုး‌တွေ့ရှိသူအများစုမှာ ပြည်ပမှပြန်လာသူများနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသဖြင့် ရောဂါပိုးထပ်ဆင့် ကူးစက်ခံရသူများ ဖြစ်ကြကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အပြင်မထွက်ဘဲနေအိမ်များတွင် နေထိုင်ကြရန်နှင့် မလိုအပ်သည့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် ဒေသအလိုက် အာဏာပိုင်များက တိုက်တွန်းတားမြစ်ထားပြီး အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းအများစုသည်လည်း ရပ်နားထားကြပါသည်။ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသူများမှာ အလွန်များပြားလှသဖြင့် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်နေရဆဲဖြစ်ပါသည်။

 

၃။      ထိုင်းနိုင်ငံအနေဖြင့်လည်း ၂၆--၂၀၂၀ ရက်နေ့မှစတင်၍ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူ နိုင်ငံခြားသားများအားလုံးကို ၃၀--၂၀၂၀ ရက်နေ့အထိ ဗီဇာနှင့် နေထိုင်ခွင့်သက်တမ်းများကို အလိုအလျောက် တိုးမြှင့်ပေးမည်ဖြစ်ပြီး ရက်လွန်ဒဏ်ကြေးကိုလည်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူများအားလည်း ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မှသာ ()ရက်အတွင်း ပြန်လည်ထွက်ခွာနိုင်ကြောင်း ထိုင်းနိုင်ငံအစိုးရက ကြေညာထားပါသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် ၂၆--၂၀၂၀ ရက်နေ့မှ ၃၀--၂၀၂၀ ရက်နေ့အထိ အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီး ၃--၂၀၂၀ ရက်နေ့မှစတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ညမထွက်ရအမိန့်ကို လည်းထုတ်ပြန်ထားကာ နေအိမ်များအတွင်းတွင်သာ နေထိုင်ကြပါရန်နှင့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။

 

၄။      သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဥပဒေကို တိကျစွာလေးစားလိုက်နာလျက် ခရီးသွားလာမှုများ ရှောင်ရှား၍ မိမိတို့နေအိမ်အတွင်း၌သာ ဆက်လက်နေထိုင်ကြခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ဝိုင်းဝန်းကူညီကြပါရန်နှင့် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရန် မဖြစ်မနေလိုအပ်ပါက ထိုင်းနိုင်ငံမှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလ ကုန်ဆုံးမည့် ၃၀--၂၀၂၀ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်