ကြည့်မြင်တိုင် ၁၁ ဧပြီ

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် သင်္ကြန်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားကုန်ငါးမျိုးကို ယနေ့ညနေ ၄ နာရီက ကြည့်မြင်တိုင်မြို့နယ် သာဓု(အနောက်)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအဖြစ် စာရင်းပြုစုထားသောသူများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဉီးဇာနည်ဝင်း၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံပေးအပ်မှုကို ကြည့်မြင်တိုင်မြို့နယ်အတွင်း ရပ်ကွက် (၂၂)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း (၃၁၈၅) စုသို့ ရပ်ကွက်အလိုက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ဝင်းလေး