ဖလမ်း  ၁၁  ဧပြီ    


COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်နီ အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုး ထောက်ပံ့ပေးခြင်းကို ဧပြီ ၁၁ ရက် ညနေ ၃ နာရီက ဖလမ်းမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဖြန့်ဝေပေးကြောင်း သိရသည်။


ထိုသို့ဖြန့်ဝေရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင် ချင်းပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်နှင့် ကြက်သွန်နီ ၁ပိဿာနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် စားသောက်ကုန်များကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တလွန်းအာ(ပြန်/ဆက်)