ချင်းရွှေဟော် ၁၂ ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို ယမန်နေ့နေ့လယ် (၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မာလုအိုက်ဖန်ကျေးရွာများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးဖြစ်သည့်  ဆန်(၈)ပြီ၊  ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာ တို့ကို ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃) နှင့် မာလုအိုက်ဖန်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၃)ခုအား ချင်းရွှေဟော်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  အိမ်ထောင်စုတစ်ခုချင်းအလိုက် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)