သံတောင်ကြီး ၁၂ ဧပြီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်သည်။

 

ထိုသို့အစားသောက်ကုန်များ ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲ(၁)ပိဿာတို့ကို သံတောင်ကြီးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ဘားအံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ ဌာနဆိုင်ရာများ၊ မြို့မိ  မြို့ဖ များက အိမ်ထောင်စု(၁၀၀)စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားမှာ သံတောင်ကြီးမြို့တွင် အိမ်ထောင်စု  (၃၁၄၁)စု၊ သံတောင်မြို့တွင် အိမ်ထောင်စု  (၈၈၂)၊ လိပ်သိုမြို့    တွင်အိမ်ထောင်စု(၇၄၅၆)စု၊ ဘောဂလိမြို့တွင် အိမ်ထောင်စု (၉၈၂)စုစုစုပေါင်း အိမ်ထောင်စု(၁၂၄၆၁)စုရှိပြီး ရပ်ကွက်/ကျေးရွာများလိုက်   ကော်မတီများဖွဲ့စည်းကာပေးအပ် သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စုများတွင်လည်း အဖွဲ့များဖွဲ့စည်းပြီး စနစ်တကျသယ်ယူ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နော်လော်မူ(ပြန်/ဆက်)