ကန်ကြီးထောင့် ၁၂ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ဧပြီ ၁၂ ရက်၊ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ဆား၊ ကြက်သွန်နီ၊ ပဲ ထောက်ပံ့မှု ၅ မျိုးတို့ကို အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ တစ်ပိဿာ၊ ပဲ တစ်ပိဿာ စုစုပေါင်း စားသောက်ကုန် ၅ မျိုးစီဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များကို ကွင်းယားအရှေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် ထုတ်ပြန်ချက်များအတိုင်း စနစ်တကျလိုက်နာနေထိုင်ကြဖို့ ပြောကြားခဲ့သည်။
နန်းထိုက် (ပြန်/ဆက်)


