ကျိုင်းတုံ ၁၂ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ပေးဝေရေးကို ဧပြီ ၁၁ ရက် နံနက် ၉ နာရီက  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် စတင်ထောက်ပံ့ ပေးအပ်သည်။

 

ကျိုင်းတုံမြို့နယ်အတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၅၂၂ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀  ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ တို့ကို ပြည်သူများလက်ဝယ်အရောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မိမိအိမ်၌ နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီပေးရန် ဒေသခံပြည်သူများအား ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)