သဲကုန်း     ၁၂   ဧပြီ       

 

နိုင်ငံတော်မှ အခြေခံလူတန်းစား မိသားစုများအတွက် အခြေခံ စားသောက်ကုန်ပစ္စည်း(၅)မျိုးအား ထောက်ပံ့ပေးအပ်ရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက သဲကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာအုပ်စု၊(ဝက်ပုတ်နယ်မြေ) ကြို့ပင်သာကျေးရွာနေ ဦးမျိုးမင်း+ဒေါ်သီတာထွန်း မိသားစု၊ (မျိုးဆန်စက်မိသားစု)မှ ကြို့ပင်သာကျေးရွာအုပ်စု (ဝက်ပုတ်နယ်မြေ)ရှိ အိမ်ထောင်စု (၇၀ဝ)အတွက် ထောက်ပံပစ္စည်း(၅)မျိုး၊ စုစုပေါင်းတန်ဖိုး (၇၉၄၅၀ဝဝ) ကျပ်အား သဲကုန်းမြို့နယ်ဦးစီးကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)