မတ္တရာ   ၁၂   ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဧပြီ ၁၀ ရက်နေ့မှ စတင်၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များအနက် ဆီနှင့် ဆား နှစ်မျိုးအား ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ဧပြီ ၁၁ ရက်နေ့က အပြီးဖြန့်ဝေပေးခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများ၏ နေအိမ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ယနေ့ ဧပြီ ၁၂ ရက်နေ့တွင် ကျန်ရှိနေသည့် အခြေခံစားသောကုန်များဖြစ်သည့် ဆန်၊ ပဲနှင့် ကြက်သွန်နီ ပစ္စည်း(၃)မျိုးမှာ ပြည့်စုံစွာရောက်ရှိသောကြောင့် ထပ်မံဖြန့်ဝေပေးခဲ့သည်။

 

ထို့သို့ အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြိုနယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ကျေးရွာ/အုပ်စုများအား အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးခဲ့ပြီး မတ္တရာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၈၈)အုပ်စု၊ ကျေးရွာပေါင်း (၂၈၆) ရွာမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၅၅၄၉)စု၏ နေအိမ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)

 

mdn