မိုင်းယု ၁၂ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယုမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မိုင်းယုမြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ပူးပေါင်းအဖွဲ့များက မိုင်းယုမြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)အုပ်စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများဖြစ်သည့် အိမ်ထောင်စု ၅၇ စုမှ လူဦးရေ ၁၆၁ ဦးတို့အတွက် အခြေခံစာသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည့်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာတို့ကို နေအိမ်များအရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


