အောင်လံ ၁၂  ဧပြီ 

 

ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ပဒဲကျေးရွာသို့ သွားရောက်၍ သန့်ရှင်းသော သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း  သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူငယ်ရေးရာကော်မတီ ဒုဉက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကြည်စိုးဟန်နှင့် အဖွဲ့ဝင်များ၊ ပြလို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသန့်ဇင်ဖြိုးဦးစီးသော တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် (၁) စီးဖြင့် ပဒဲကျေးရွာနေ ပြည်သူများသို့ ရေများသွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)