သဲကုန်း ၁၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၃၅) စုနှင့် အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၁၀၅) စုတို့အား အခြေခံစား သောက်ကုန်(၅)မျိုး ဖြစ်သည့် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန်နီ (၁) ပိဿာ၊ ပဲ (၁) ပိဿာတို့ကို ယနေ့မွန်းလွဲ ၂ နာရီမှစ၍ အခြေခံ လူတန်းစားများ၏ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းနှင့် တာ၀န်ရှိသူများမှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉) အုပ်စုမှ ပုံမှန်၀င်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀၄၀) ရှိရာ အိမ်ထောင်စု (၂၀၁၂) စုအား ယနေ့မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် အိမ်ထောင်စုများအား ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)


