လားရှိုး ၁၂ ဧပြီ
လားရှိုးမြို့၌ ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ လူနာနံပတ်(၃၂)နှင့် ပတ်သက်ပြီး ရန်လုံကျိုင်းဂိတ်မှာ စစ်ဆေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း၊ လဝကဝန်ထမ်းများအားလုံးကို Home Quarantines လုပ်ရန် စီစဉ်ထားရှိပြီး ၎င်းစီးလာသောကားအား ကားနံပါတ်ဖြင့် စုံစမ်း၍လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ရှိ အဆိုပါ လူနာတည်းခိုခဲ့ တည်းခိုခန်းအား Lock Down ပြုလုပ်ထားပြီး ဝန်ထမ်း(၁၄)ဦးကိုလည်း Home Quarantines ပြုလုပ်ထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ထို့အတူ ဧပြီ ၁၂ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် အဆိုပါ တည်းခိုခန်းအား Lock Down ပြုလုပ်ထားရှိမှုအား သွားရောက်စစ်ဆေးခဲ့သည်။
ဟန်ဌေး(လားရှိုး)


