ရွှေဘို  ၁၂  ဧပြီ 

 

ဧပြီ ၁၂ ရက် နံနက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ သင်္ကြန်ကာလ ပိတ်ရက်များတွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန် (၅) မျိုးကို  ရွှေဘိုမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်နှင့် အမှတ် (၉) ရပ်ကွက်တို့ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၃၆၉၃ ) စု တို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့က  ကိုယ်တိုင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲ (၁) ပိသာ၊ ဆား (၅၀) ကျပ်သားနှင့် ကြက်သွန်နီ (၁) ပိသာကို ထောက်ပံ့ပေးအပ်ရာ ရွှေဘိုမြို့နယ်အတွင်း ထောက်ပံ့ပေးအပ်မည့် အိမ်ထောင်စုပေါင်း (၃၂၅၂၂) စု ရှိသည့်အနက် ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ အမှတ်(၈) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၈၅၂) စုအတွက်  ဧပြီ ၁၀ ရက်က ပထမနေ့အဖြစ် ပေးအပ်ခဲ့သည်။  ကျန်ရှိသော အမှတ် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၇၂) အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက ပြောသည်။

 

မိုးသောက်(ရွှေဘို)