နေပြည်တော် ၁၂  ဧပြီ

 

Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ  စုစုပေါင်းကူညီမှု (၅) မျိုးစီကို ဧပြီ ၁၀ ရက်မှစတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးခဲ့သည်။

 

ယင်းသို့ ထောက်ပံ့ဖြန့်ဖြူးပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၅) မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၆၈၀၂၂၇) စုရှိသည့်အနက် ဧပြီ ၁၂  ရက် အထိ အိမ်ထောင်စုပေါင်း (၇၉၅၉၂) စုအား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)