နတ်တလင်း ၁၂ ဧပြီ
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အခြေခံစားကုန် (၅)မျိုးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားကုန် (၅)မျိုးပါ ပစ္စည်းများကို ပေးအပ်ခဲ့သည်။
နတ်တလင်းမြို့နယ်တွင် ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၁) အုပ်စုရှိရာ ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၁၀ အုပ်စုမှ စတင်ပေးအပ်ခြင်း ဖြစ်သည်။
ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၀)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၁၀၁) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ပြည်၊ ဆီ (၅၀)ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲခြမ်း ၁ ပိဿာ၊ ဆား (၅၀)ကျပ်သားတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်(နတ်တလင်း)


