သာစည် ၁၂ ဧပြီ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့မဈေးကြီးနှင့် ဘုရားငါးဆူဈေးတို့တွင် ယနေ့ နံနက်ပိုင်းက Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ ဦးဆောင်၍ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်မင်းထူးနှင့် ပူးပေါင်းအဖွဲ့ဝင်များက Mask အခု ၄၀၀၀ ကို သာစည်မြို့မဈေးကြီးနှင့် ဘုရားငါးဆူဈေးသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


