ကျောင်းကုန်း  ၁၂ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဗွီဒီယိုအခြေခံအဖွဲ့ဝင်များအား ဆန်၊ ဆီ စသည့် စားသောက် ကုန်များ ထောက်ပံ့ပေးမှုကို ယနေ့ ညနေပိုင်းက မြို့နယ်ဗွီဒီယိုအခြေခံဥက္ကဋ္ဌ ဦးလှဝင်းနေအိမ်၌ ထောက်ပံ့ပေးအပ် ခဲ့သည်။

 

ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးအတွက် အလှူငွေကျပ် တစ်သိန်းကျော် ကိုလည်း မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)