သုံးခွ  ၁၃  ဧပြီ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် သင်္ကြန်ကာလ ရုံးပိန်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ရက်အတွင်း ပြည်သူများ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများမှ လွဲ၍ မိမိတို့၏အိမ်များတွင် နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီနိုင်ရန် အတွက် We LoveThongwa အဖွဲ့မှ ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် အခြေခံ စားသောက်ကုန်များ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။

 

528

 

ထိုသို့ ရောင်းချရာတွင် (ဧည့်မထရှယ်) ဆန်တစ်ပြည် ၈၀ဝကျပ်၊ ကြက်ဥတစ်လုံး ၁၀ဝကျပ်၊ ကြက်သွန်နီ ၁ပိဿာ ၁၀ဝ၀ ကျပ်၊ ငါးသေတ္တာ တစ်ဘူး ၅၀ဝကျပ်၊ ပဲဖြူလေးနှစ်ဘူး ၅၀ဝ ၊ နေကြာဆီ ၅၀ သား ၂၀ဝ၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေး လျက်ရှိကြောင်း သိရသည်။

 

စည်သူလင်း ပြန်/ဆက်

 

63.