ခမ်းပါတ်  ၁၃  ဧပြီ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၁၀၀)ဖြင့်ဆောင်ရွက်လျက်ရှိသည့် ခမ်းပါတ်မြို့ အမှတ်( ၁ )ရပ်ကွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ရွှေစင်ငွေစင်သွန်းကုမ္ပဏီ က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အလျား ပေ ၅၅၀ ရှိ stone gabion wall ဆောင်ရွက်ခြင်းနှင့် အလျားပေ ၈၀၀ နှင့် အနံပေ ၇၀ ရှိ သောင်တူးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   

၂၀၁၄-၂၀၁၅ ခုနှစ်၊ မိုးရာသီကာလ ရေကြီးမှုဖြစ်စဉ်တွင် ကမ်းပြိုကာကွယ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရံပုံငွေဖြင့် အလျား ပေ ၉၂၀ ရှိ ၃တန်းသွား မျှောတိုင်တန်း ကျောက်စီရေကာတာကို ဆောင်ရွက်ပေးခဲ့သော်လည်း ပြန်လည်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

သားငယ်(ပထဝီ)