ကျောက်တံတား   ၁၃  ဧပြီ

 

နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းငါးမျိုးတို့ကို ဧပြီလ(၁၂)ရက်နေ့၊ ည နေပိုင်းမှစတင်၍ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

           

ထိုသို့ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၈၆)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင်ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ် သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့် ကြက်သွန်(၁)ပိဿာ စုစုပေါင်းထောက်ပံ့ရေးပစ္စည်း (၅)မျိုးစီကိုအမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် မြို့နယ်တာဝန် ရှိသူများ၊ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်အဖွဲ့ဝင်များက အဖွဲ့များခွဲကာ ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူ့လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ရွှေနန်းမေ(ပြန်/ဆက်)