ကျီခါး  ၁၃  ဧပြီ  

 

ချင်းပြည်နယ် ၊ ကျီခါးမြို့အမှတ် (၁)ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အိမ်တိုင်ရာရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

8575

 

အဆိုပါ အခြေခံစားသောက်ကုန်များ ဖြန့်ဝေပးအပ်ခြင်းကို ကျီခါးမြို့ အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးလိန်းမာန် ၊ မီးသတ် ဦးစီးမှူး ဦးကမ်းဆွင်းမုန် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ကျီခါး မြို့အမှတ်(၁) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များကို အိမ်တိုင်ရာရောက်လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

 

ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၀)စု ရှိကြောင်း သိရသည်။

 

0051

 

ကျီခါးမြို့၌ နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအနက် ဆန်တစ်မျိုး တည်း သာရောက်ရှိပြီး ကျန်ပစ္စည်း(၄)မျိုးထပ်မံရောက်ရှိလာပါက အမြန်ဆုံး သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်အရောက် စနစ်တကျ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)