ခင်ဦး   ၁၃  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဧပြီလ ၁၃ ရက်နေ့ထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

2097

 

ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့မိမြို့ဖများက ဦးဆောင်ပြီး အများပြည်သူ လှူဒါန်း ထားသော အလှူငွေဖြင့် ပိုးသတ်ဆေးများဝယ်ယူပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့်လူမှုကူညီရေးအသင်းဝင်များက မော်တော်ယာဉ်ပေါ်တွင် ဆေးဖျန်းစက်တင်ပြီး ကျေးရွာများရှိ စောင့်ကြည့်သူများထားသည့် နေရာများ၊ ၎င်းနှင့်ဆက်စပ်သည့် နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူဝင်ထွက် များသော ရုံးဌာနများ၊ ဆီဆိုင်များကို သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ မြို့ဝင်၊ မြို့ထွက်များတွင်လည်း ၎င်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ခရီးသွားပြည်သူများအား ကိုယ်ပူချိန် တိုင်းခြင်း၊ ပါးစပ်၊ နှာခေါင်းစည်းများ တပ်ရန်ပညာပေးခြင်း၊ ပိုးသတ်လက်ဆေးရည်များဖျန်းပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

8875

 

ခင်ဦးမြို့နယ်ရှိ ကျန်ရှိနေသော ကျေးရွာများအနေဖြင့် ပိုးသတ်ဆေးဖျန်းရန် ဆန္ဒရှိပါကလည်း မြို့နယ် ကြက်ခြေနီအသင်း၊ ဉက္ကဋ္ဌ ဦးစိုးဝင်းအောင်(ဝ၉-၂၁၀ဝ၁၃၉) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

110511