ထီးလင်း ၁၃ ဧပြီ
ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉ )ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ပြည်သူများ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မစည်ပင်သာယာဈေးကို မဟာသင်္ကြန် ကာလအတွင်း လေယာဉ်ကွင်းဟောင်း နေရာသို့ ဧပြီ ၁၄ ရက်နေ့မှစ၍(ယာယီ) ပြောင်းရွှေ့ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ (ယာယီ) ပြောင်းရွှေ့ သတ်မှတ်ပေးရာတွင် ဈေးရောင်း ဈေးဝယ် ပြည်သူများ အနေဖြင့် သတ်မှတ် အကွာအဝေး နေရာများတွင် ရောင်းချဝယ်ယူရေး၊ ဈေးရောင်းချသည့် ဈေးသည်များ အနေဖြင့် နှာခေါင်းစည်း(Mask)နှင့် လက်အိတ်များ တပ်ဆင်ရောင်းချရေး၊ ဈေးဝယ်သူ ပြည်သူများ အနေဖြင့်လည်း နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ဝယ်ယူရေး၊ ဈေးသည်များအနေဖြင့် မိမိတို့၏ စွန့်ပစ်အမှိုက်များကို သတ်မှတ်နေရာများတွင် စည်းကမ်းတကျစွန့်ပစ်ရေးနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန် ကြိုတင်အသိပေးနှိုးဆော်ထားကြောင်း အမှုဆောင်အရာရှိ ဦးဘွေကီးအောင် ထံမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)


