တီးတိန် ဧပြီ ၁၃
ချင်းပြည်နယ် တီးတိန်မြို့တွင် နွေရာသီကာလ သောက်သုံးရေရှားသော ရပ်ကွက်နေ ပြည်သူများအား တီးတိန်မြို့၊ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ရပ်ကွက်အတွင်း သွားရောက်လှူဒါန်းရာ ယနေ့တွင် စကောလမ်းရပ်ကွက်နေ ပြည်သူများအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခုပ်ဆောမ်းပြောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ရေလှူဒါန်းကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)


