မိုးနဲ ၁၃ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့အတွင်း ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆) စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုးကို ယနေ့ တတိယနေ့အဖြစ် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေ ၊မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် နှင့် ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝန်းနှင့် တာဝန်ရှိသူများက ကျေးရွာများအရောက် အပြီးသတ် လိုက်လံ ထောက်ပံ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့နယ် မြို့ပေါ် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁) အုပ်စု ၊ကျိုင်းတောင်းမြို့ ရပ်ကွက် (၇)ရပ်ကွက် ၊ကျေးရွားအုပ်စု (၃)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၇၅၆) စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ဆား (၅၀) ကျပ်သားနှင့် ကြက်သွန် (၁) ပိဿာတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအတွက် တစ်ချို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူး များက ဖြန့်ဝေပေးခဲ့ပြီး တချို့ သွားလာရန်ခက်ခဲသော အိမ်ထောင်စုများအတွက် နေအိမ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


