မိုင်းဖြတ်   ၁၃  ဧပြီ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ သံသယလူနာဖြင့် ထိတွေ့ခဲ့သော Home Quarantine မိသားစုဝင်နေအိမ်များနှင့် Facility Quarantine ပြုလုပ်သော နေရာများသို့ ဧပြီလ ၁၃ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တာဝန်ရှိ သူများက ပိုးသတ်ဆေးများကို လိုက်လံဖျန်းပေးခဲ့ကြောင်း သိရသည်။

 

0677

 

 

ထိုသို့ ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာသိန်းဦးနှင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင် တာဝန်ရှိသူများက Home Quarantine ပြုလုပ်ထားသည့် သံသယလူနာအား ကားဖြင့် သွားရောက် ကြိုဆိုခဲ့သည့် ယာဉ်မောင်း၏  မိသားစုဝင်နေအိမ်၊  သံသယလူနာမှ ဝတ်ပြု ဆုတောင်းခဲ့သည့် နေအိမ်၊ သံသယလူနာ၏ မိသားစုဝင်နေအိမ်နှင့် Facility Quarantine ဘာသာရေး ကျောင်းတို့အား ကျန်းမာရေးဝန်ထမ်းများက ပိုးသတ်ဆေးများကို လိုက်လံဖျန်းပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)

 

0688