ဝန်းသို ၁၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ ဧပြီ ၁၂ရက်နေ့ ညနေ ၆နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိကအဆောက်အဦများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၂၂အုပ်စု ကျေးရွာခွဲ ၃၈ရွာတို့ရှိ အိမ်ခြေ ၇၉ အိမ်၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း မြို့နယ် မီးသတ်ဦးစီးမှုး ဦးကျော်မျိုးသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန် /ဆက်)


