နေပြည်တော် ၁၃ ဧပြီ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်အထောက်အကူပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက်က နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ လှူဒါန်းပွဲတွင် ရှယ်စံကုမ္ပဏီမှ တာဝန်ရှိသူက ငွေကျပ်သိန်း (၇၀) တန်ဖိုးရှိ အပူချိန်တိုင်းကိရိယာ (၁၀)ခုနှင့် နှာခေါင်းစည်း (၁၀၀၀၀)တို့ကိုလည်းကောင်း၊ တြိဂီရိကုမ္ပဏီမှ တာဝန်ရှိသူက  ငွေကျပ်သိန်း (၃၀) တန်းဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ (၁၀၀) နှင့်လက်သန့်ဆေးရည် (၁၀၀) ဘူးတို့ကိုလည်းကောင်း၊ ပန်လေးမေမေကုမ္ပဏီမှ တာဝန်ရှိသူက ငွေကျပ်(၁၃)သိန်းကျော် တန်းဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ (၂၀)၊ အပူချိန်တိုင်း ကိရိယာ (၃)ခု၊ N95 နှာခေါင်းစည်း အစုံ(၂၀)၊ နှာခေါင်းစည်း အစုံ( ၆၀၀)နှင့် ရာဘာလက်အိတ် (၂၀၀)တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

သတင်းစဉ်