နောင်တရား ၁၃ ဧပြီ
Covid-19 ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် အပြင်မထွက်ဘဲ မိမိအိမ်တွင် နေထိုင်ရန် ညွှန်ကြားထားသောကြောင့် နောင်တရားမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၀)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ စသော စားသောက်ကုန်များကို နောင်တရားမြို့ ဒေသခံပြည်သူအလှူရှင်များမှ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများသို့ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။
အဆိုပါထောက်ပံ့လှူဒါန်းခြင်းနှင့် ပတ်သက်၍ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးက Covid-19 ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးတွင် မိမိကစ၍ ကာကွယ်ရေးအတွက် မိမိအိမ်တွင် နေထိုင်စေခြင်းကြောင့် ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် အခက်အခဲမဖြစ်ပေါ်စေရေး ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နောင်တရားမြို့ ပြည်သူလူထုအလှူရှင်များက ပုံမှန်ဝင်ငွေမရှိသော ပြည်သူများသို့ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား ပြန်/ဆက်)


