ဝေါ ၁၃ ဧပြီ

 

ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဝေါမြို့နယ် COVID-19 အဆုတ်ရောင်ရောဂါ စောင့်ကြည့်၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသ‌ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်အစီအစဉ်ဖြင့်  အခြေခံစားသောက်ကုန်များအား ဝေါမြို့တော်ခန်းမ၌ ဧပြီ ၁၃ ရက် မွန်းလွဲ ၃ နာရီက ချမ်းမြသာစည်ရပ်ကွက်မှ အိမ်ထောင်စု(၁၀၀)အား ပေးအပ်ခဲ့သည်။

 

10806421

 

ဆက်လက်၍ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခြင်းကို ဧပြီ (၁၃)ရက်မှ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို ဆက်လက်ဖြန့်ဝေပေးအပ်ရာတွင် စားနပ်ရိက္ခာများထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ပေးခြင်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးပြီး မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၅)အုပ်စုအတွင်းရှိ အိမ်ထောင်စုပေါင်း (၁၄၀၀၈)စုအား မြို့နယ်ကြီးကြပ်မှုကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ အိမ်တိုင်ရာရောက်ဖြန့်ဝေ ပေးသွားမည်ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)