၁၄  ဧပြီ 

(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

Crd > Ministry of Health and Sports, Myanmar

 

92588998_3324436687585613_8574447322182713344_o

 

92356154_3324436670918948_3657232843739758592_o