နေပြည်တော်  ၁၄  ဧပြီ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော ကိုဗစ်-၁၉ သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝန်းအသုံးပြုလျက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာဖြင့် နေ့စဉ်ပိတ်ရက်မရှိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀၀) မှ (၃၀၀) ခန့်အထိ စစ်ဆေးပေးလျက်ရှိကြောင်း ယင်းဌာနမှ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ PCR နည်းပညာဖြင့် စစ်ဆေးရုံသာမက အဆိုပါသံသယလူနာများ၏ clinical Pathology စစ်ဆေးမှုများ၊ ဗက်တီးရီးယား ပိုးမွေးခြင်းဆိုင်ရာ လုပ်ငန်းများကိုပါတာဝန်ယူ ဆောင်ရွက်ရသည်။ PCR နည်းပညာဖြင့် စစ်ဆေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် စမ်းသပ် စစ်ဆေးရကြောင်း သိရသည်။

(၁) ဓာတ်ခွဲနမူနာများရယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ clinical Management Team မှ စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်သောလူနာများ၊ Hospital Quarantine Cases များ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ (Contact)များ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများကို တာဝန်ကျ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းက တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) အတိုင်း စနစ်တကျရယူ၍ Viral Transport Media (VTM) ဖြင့်ထည့်ပြီး  သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများအတိုင်း Laboratory Request Form နှင့်တကွ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်လျက်ရှိသည်။

ထိုသို့ ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ခရီးအကွာအဝေးအလိုက် ခရီးကြာမြင့်ချိန်ကွာခြားမှုရှိသည်။ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကသက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပို့ချပြီး လိုအပ်သော SOP နှင့် Guideline များကို ဖြန့်ဝေပြီးဖြစ်သည်။

(၂) ဓာတ်ခွဲနမူနာများကို လက်ခံခြင်းနှင့် စာရင်းသွင်းခြင်း

ပထမဦးစွာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ရောက်ရှိလာသော ကိုဗစ်-၁၉ သံသယ လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ လူနာအမည်၊ နေရပ်လိပ်စာ၊ ရောဂါလက္ခဏာများ စသည့် Case Investigation တွင်ပါသည့် အချက်အလက်များကို စာရင်း သွင်းပါသည်။

(၃) ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း ပြင်ဆင်ခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှ ထုပ်ပိုး၍ ပေးပို့လာသော ဓာတ်ခွဲနမူနာများကို စနစ်တကျ အဆင့်ဆင့် ထုတ်ယူရသည်။ ပထမဦးစွာ ဓာတ်ခွဲနမူနာ poglava 32c30:0:( Sample Carrier (Cold Box) ထဲမှ ဓာတ်ခွဲနမူနာကို မထုတ်ယူမီ Sample Carrier ပုံကို 0.5 % Hypochlorite Solution ဖြင့် စနစ်တကျ ဆေးကြောရသည်။ ထို့နောက် Sample Carrier ပုံးထဲမှ ဓာတ်ခွဲနမူနာ ထည့်ထားသော ပလတ်စတစ်ဘူးကို ထုတ်ယူ၍ ထပ်မံ ဆေးကြောရသည်။ ပလတ်စတစ်ဘူးကို တစ်ရှူးဖြင့် ခြောက်သွေ့အောင် သုတ်ရသည်။ အဆိုပါ အဆင့်ဆင့်ကို Biosafety Cabinet အတွင်းတွင် စနစ်တကျ ပြုလုပ်ရသည်။ ထို့နောက် ဓာတ်ခွဲနမူနာထံမှ Ribonucleic Acid (RNA) ထုတ်ယူရန်အတွက် Nucleic Acid Extra| ction Room (၂) ခန်းမှ (၃) ခန်းအတွင်းသို့ ပို့ဆောင်ရသည်။

ဓာတ်ခွဲနမူနာကို SampleCarrier ပုံးထဲမှထုတ်ယူ၍ RNA ထုတ်ယူရန် အဆင်သင့်ဖြစ်စေရန်အတွက် ဆောင်ရွက်ခြင်းအဆင့်သည် ဓာတ်ခွဲနမူနာ ၂၀၀ ကျော်မှ ( ၃၀၀ ကျော်အတွက် တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်ရပြီး စုစုပေါင်းကြာမြင့်ချိန် (၆) နာရီခန့်ဖြစ်သည်။ ဓာတ်ခွဲ နမူနာကို ပြင်ဆင်သူအနေဖြင့် ပုံတွင်ပြထားသည့်အတိုင်း Personal Protective Equipment (PPE) အပြည့်အစုံ ဝတ်ဆင်ရသည်။

(၄) ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း

ဓာတ်ခွဲနမူနာများကို Centrifuge တွင် လှည့်ခြင်းနှင့်  Washing ပြုလုပ်ခြင်းတို့ကို အကြိမ်များစွာပြုလုပ်၍  Virus Inactivation ပြုလုပ်ရသည်။ ထို့နောက် Inactivated Glezolg:600 woen$200 RNA ကို Manual Method အပြင် Automatic Extractor ဖြင့် အသုံးပြု၍ ထုတ်ယူပါသည်။ ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ ခန့်အတွက် စုစုပေါင်း ကြာမြင့်ချိန် (၅) နာရီခန့်ဖြစ်သည်။

(၅) Master mix preparation ပြုလုပ်ခြင်းနှင့် Extracted RNA ကို Master mix နှင့် ရောစပ်ခြင်း

ထုတ်ယူပြီးသော ဓာတ်ခွဲနမူနာ၏ RNA နှင့် Primer & Probe, Nucleotide, Polymerase စသည့် Enzyme များကိုရောစပ်၍ Polymerase Chain Reaction ဆောင်ရွက်ရန်အတွက် ပြင်ဆင်ခြင်း (Master Mix Preparation) ကို ဆောင်ရွက်ရသည်။ ပြင်ဆင်ပြီးသော Master Mix of Extracted RNA နှင့် ထပ်မံရောစပ်ရသည်။ အဆိုပါအဆင့်တွင် ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ အထိ ကြာမြင့်ချိန် (၃) နာရီမှ (၄) နာရီခန့်ဖြစ်သည်။

(၆) ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့် စစ်ဆေးခြင်း

Polymerase Chain Reaction သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic Acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ၏ DNA နှင့် သက်ဆိုင်ရာ ဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ် စစ်ဆေးနည်းဖြစ်သည်။ PCR စစ်ဆေးသည့် အဆင့်တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ ပြောင်းလဲခြင်း (Reverse Transcription),

ပြောင်းလဲပြီးသော DNA Double Stranded မှ Single Stranded သို့ ပြောင်းလဲခြင်း (Denaturing Stage) Single Stranded DNA များကို primer ဖြင့် ပေါင်းခြင်း (Annealing Stage) Primer ပေါင်းပြီးသော Single Stranded DNA များကို Polymerase ကို အသုံးပြု၍ Nucleotide များဖြင့် ပေါင်စပ်ကာ Double Stranded DNA ဖြစ်အောင် ဆောင်ရွက်ခြင်း (Extending Stage) စသည်တို့ကို (၄၅)ကြိမ်အထိ ပြုလုပ်သည်။ DNA Copies များ Billion Copies အထိ တိုးပွားအောင် ဆောင်ရွက် နိုင်သည်။ False Negative များ မရှိစေရန်နှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ(Gene)များကို ရှာဖွေနိုင်ရန်အတွက် Different Protocol (၂) ခုမှ (၃) ခုဖြင့် ဆောင်ရွက်ရသည်။ ။

သက်ဆိုင်ရာ PCR စက် အမျိုးအစားပေါ်မူတည်၍ စက်တစ်လုံးလျှင် ဓာတ်ခွဲနမူနာ ၉၀ ကျော် စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် တစ်နာရီခွဲခန့်အထိ ကြာမြင့်သောကြောင့် ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ အထိဖြစ်ပါက စက် (၂)လုံးဖြင့် (၂) ကြိမ်စစ်ဆေးရသည့်အတွက် (၃) နာရီခန့် ကြာမြင့်သည်။

ထို့နောက် PCR နည်းပညာဖြင့် အဆများစွာပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ DNA နှင့် တူညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပါသည်။ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက ကိုဗစ်-၁၉ ရောဂါ ပိုးရှိသည်ဟု သတ်မှတ်နိုင်သည်။ ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာတွင် Positive Controla Negative Control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက် အဖြေကို အတည်ပြု သတ်မှတ်နိုင်သည်။ အဆိုပါအဆင့် Positive control နှင့် Negative Control များ ကောင်းမွန်စွာ အလုပ်မလုပ်လျှင် Master Mix အဆင့်မှ တစ်ဖန်ပြန်လည်စတင် ဆောင်ရွက်ရသည်။

(၇) ဓာတ်ခွဲအဖြေထုတ်ပေးခြင်း

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအဖြေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆေးရုံများသို့ Code No. ဖြင့် လုံခြုံရေးအဆင့် သတ်မှတ်၍ အချိန်နှင့်တစ်ပြေးညီ ပေးပို့အကြောင်းကြားလျက်ရှိသည်။

PCR နည်းပညာသည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြု လျက်ရှိသော နည်းပညာဖြစ်ပါသည်။ PCR နည်းပညာဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုအဆင့်ဆင့်၏ စုစုပေါင်းကြာမြင့်ချိန်သည် (၁၆) နာရီမှ (၁၇) နာရီခန့်အထိ ဖြစ်သည်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဆင့်တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသော ဓာတ်ခွဲဝန်ထမ်းများအနေဖြင့် ရောဂါပိုးကူးစက်ခံရမှု မရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်း လုံခြုံရေး

အဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2  Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော သံသယ ကိုဗစ်-၁၉ လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများက(၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ထက်လျှံ