နောင်ချို ၁၄ ဧပြီ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီက ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် တောင်ရှည်တိုက်နယ်ဆေးရုံ၊ ကံကြီးကျေးလက် ကျန်းမာရေးဌာန၊ နောင်ချိုမြို့ ပြည်သူ့ဆေးရုံတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
နောင်ချိုမြို့နယ်တောင်ရှည် တိုက်နယ်ဆေးရုံတွင် PPE ဝတ်စုံ(၁၀)စုံ၊ လက်သန့်ဆေးရည်နှင့် တာဝန်ကျ ဆရာမများလိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် ငွေကျပ်(၅)သိန်း၊ ကံကြီးကျေးလက် ကျန်းမာရေးဌာနတွင် Mask နှင့် ငွေကျပ်(၃)သိန်း၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် Mask နှင့် ငွေကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်


