တိုက်ကြီး ၁၄ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သော အခြေခံစား သောက်ကုန်(၅)မျိုးတို့ကို ဧပြီ လ ၁၂ ရက်နေ့ မှ စ၍ တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်း ချုပ်ကာကွယ်ကုသရေးလုပ်ငန်းကော်မတီဝင်များက ပြည်သူများထံထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကြွပေုဂံချောင်းကျေးရွာအုပ်စု တို့ရှိ အိမ်ထောင်စု(၉၈၈)စုတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၃၂၉ အိတ် ၈ ပြည်၊ ဆီ ၄၉၄ ပိဿာ၊ ဆား ၄၉၄ ပိဿာ၊ ကြက်သွန် ၉၈၈ ပိဿာ၊ ပဲ ၉၈၈ ပိဿာတို့ကို တာဝန်ရှိသူများက အသီးသီးဖြန့်ဝေပေးအပ်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်(၅)မျိုးကို တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁)အုပ်စုတို့ရှိ အိမ်ထောင်စု (၃၀၆၁)စုတို့အတွက် ဖြန်ဝေးပေးပြီးဖြစ်ကာ ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)


