နမ့်ဆန် ၁၄ ဧပြီ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် အခြေခံစားကုန်(၅)မျိုး ပေးအပ်ခြင်းကို ယမန်နေ့က OSS ရုံးရှေ့၌ သက်ဆိုင်ရာ ကျေးရွာအုပ်စု တာဝန်ခံများထံ ဆက်လက်ဖြန့်ဖြူး ဝေငှပေးလျက်ရှိကြောင်း သိရသည်။

 

ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကြီးကြပ်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် အခြေခံ စားကုန်(၅)မျိုးကို ကနဦးအစီအစဉ်ဖြင့် နမ့်ဆန်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀)စုအား အခြေခံစားကုန်(၅)မျိုးဖြစ်သည့်  ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊  ဆား(၅၀)သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့အား အိမ်ထောင်စု တစ်စုချင်းဆီသို့ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ ကိုယ်စားလှယ်များတို့ထံ ပေးအပ်ခြင်းကို ဧပြီ ၁၁ ရက်နေ့တွင် ပေးအပ်ပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု (၃၃)အုပ်စုရှိ အိမ်ထောင်စု (၃၂၂၉)စုအတွက်ကို ဧပြီ ၁၃ ရက်နေ့တွင် ဆက်လက်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)